အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာတစ်ခေါက်လောက်တော့ တွေ့ဆုံဖို့ကောင်းတယ်လို့ ​​တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းက ပြောလိုက်ပါတယ် အမေရိကန်သမ္မတထရမ့်နဲ့ ကင်ဂျုံအန်တို့ဟာ ၂၀၁၈ တုန်းက စင်ကာပူမှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။ ပြုံယမ်းအစိုးရဟာ သူ့ရဲ့နျူကလီးယား လက်နက်အစီအစဥ်တွေကို စွန့်လွှတ်တော့လေမလားရယ်လို့ ဆိုပြီးနိုင်ငံတကာက မျှော်လင့်ခဲ့ကြရတဲ့တွေ့ဆုံပွဲပါ။

ဒါပေမယ့် ဒုတိယအကြိမ် ၂၀၁၉ ဗီယက်နမ်နိုင်ငံမှာ ထပ်တွေ့ကြတဲ့အခါ ထရမ့်က ကင်ဂျုံအန်ရဲ့တောင်းဆိုချက်ကို ငြင်းပယ်လိုက်ရာကနေ စေ့စပ်ညှိနှိုင်းရေးဟာ ဝေးကွာသွားခဲ့ပါတယ်။ ပင်မနျူကလီးယားအဆောက်အအုံတွေ ထောက်ပံ့ရေးပစ္စည်းတွေကိုဖျက်ဆီးပစ်ပေးမယ်အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားအပေါ်ကို ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးပါဆိုတဲ့ ကင်ဂျုံအန်ရဲ့ ကမ်းလှမ်းမှုကို ထရမ့်က ငြင်းဆန်လိုက်လို့ဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းက ဥရောပ ကောင်စီအကြီးအကဲ Charles Michelနဲ့ ဗီဒီယိုကွန်ဖရင့် ပြုလုပ်ရင်း တောင်ကိုရီးယားသမ္မတ မွန်းက ရပ်တန့်နေတဲ့ ထရမ့်နဲ့ ကင်မ်တို့အကြားကနျူကလီးယားအရေးဆွေးနွေးပွဲကိုပြန်လုပ်စေချင်တဲ့အကြောင်း ပြောခဲ့တာပါ အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် တစ်ခေါက်လောက် တော့ အမေရိကန်နဲ့မြောက်ကိုရီးယားအကြားမှာ ဆွေးနွေးကြဖို့လိုနေတယ်လို့သူကပြောခဲ့ပါတယ်။

နျူကလီးယားပရိုဂရမ်နဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စတွေဟာ အမေရိကန်နဲ့မြောက်ကိုးရီးယားတို့ အနေနဲ့ ဆွေးနွေးပွဲကပဲဖြေရှင်းရင်းအဖြေရှာလို့ရနိုင်မယ်လို့သူကဆိုပါတယ် သမ္မတမွန်းရဲ့ ရုံးဟာ ဒီသတင်းနဲ့ထင်မြင်ယူဆချက်ကို ဝါရှင်တန်ကိုပေးပို့ခဲ့သလို ဖြစ်မြောက်ရေးကြိုးပမ်းရာမှာ ပါဝင်ကြတဲ့သူတွေဆီကိုလည်း ပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။

အမေရိကန်အစိုးရနိုင်ငံခြားရေးဒုဝန်ကြီး Stephen Biegun က နှစ်ဖက်စလုံးအတွက်ပြန်လည်ညှိနှိုင်းဆွေးနွေးကြဖို့ အချိန်ရပါသေးတယ် တိုးတက်ကောင်းမွန်တဲ့အခြေအနေတွေကို ဖော်ဆောင်နိုင်ပါသေးတယ်လို့ ပြောပြီးလို့ရက်အနည်းငယ်အကြာမှာ တောင်ကိုရီးယားသမ္မတ မွန်းက အခုလိုပြောပြတောင်းဆိုလိုက်တာပါပဲ ။

Stephen Biegun က နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်ခင်မှာ လူချင်းတွေ့ဆုံဖို့ဆိုတာဟာ ခက်ခဲပါတယ် ဘာလို့ဆိုတော့ ကပ်ရောဂါကြီးကြောင့် နေရာတကာမှာအခက်အခဲတွေ ဖြစ်နေလို့ပါပဲလို့ ပြောခဲ့သေးတာပါ ဒါကို တောင်ကိုရီးယားသမ္မတက ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ် ခုအချိန်ကနေ ရွေးကောက်ပွဲကာလအတွင်းမှာမဖြစ်နိုင်ဘူးထင်တယ် မဖြစ်ဖို့များတယ် တကမ္ဘာလုံးမှာ အစီအစဉ်တွေအကုန်လုံးဖျက်သိမ်းနေကြရတယ်လေ လို့ Stephen Biegun က ဘရပ်ဆဲလ်ဖိုရမ် အစည်းအဝေးလုပ်နေတုန်းမှာ ပြောခဲ့တာပါ။

တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံဟာ ဆက်ဆံရေးပြန်တင်းမာနေတာဖြစ်ပြီး ပြီးခဲ့တဲ့လမှာ မြောက်ကိုရိီးယားအစိုးရဟာ နယ်စပ်က သံတမန်ရုံးကိုဖောက်ခွဲဖျက်ဆီးခဲ့ပါတယ် စစ်ရေးလှုပ်ရှားမှုတွေအတွက်အသင့်ပြင်ထားကြပြီးမှ မြောက်ကိုရီးယားက ပြန်ရုပ်သိမ်းလိုက်ခဲ့တာပါ။

မြောက်ကနေတောင်ကို ထွက်ပြေးခဲ့ကြတဲ့ပြည်ပြေးတွေဟာ နယ်စပ်ကနေ ဝါဒဖြန့်စာရွက်တွေပါတဲ့ လေဘူပေါင်းတွေလွှတ်တင်ခဲ့တာကို တောင်ကိုရီးယားအစိုးရကမတားဆီးခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်ရယ် အမေရိကန်နဲ့ ဆွေးနွေးပွဲရပ်တန့်နေပြီး ဘာအကျိုးထူးမှမရခဲ့တာအပေါ်မှာ တောင်ကိုရီးယားက မတိုက်တွန်းဘူးဆိုတာတွေရယ် ကျဆင်းနေတဲ့စီးပွားရေးအတွက် ညှိနှိုင်းမပေးဘူး ဆိုတာတွေနဲ့ ပြဿနာရှာပြီးဖောက်ခွဲဖျက်ဆီးခဲ့တာပါ။

အမြဲလို ရန်ရှာပြီး ပြဿနာပေးနေတဲ့မြောက်ကိုရီးယားဟာ နယ်စပ် ကေဆောင်းရုံးအဆောက်အအုံဖောက်ခွဲခဲ့တာ မှာ အဓိကအကြောင်းက ကင်ဂျုံအန်းမိန်းမကိုနောက်ပြောင်ထားလို့ ဖြစ်တယ်ဆိုပြီး ခုရက်ပိုင်းမှာသိလာရပါတယ် ပြည်ပြေးတွေဟာ သူ့မိန်းမဓါတ်ပုံတွေကို ဖိုတိုရှော့နဲ့ပြင်ဆင်ပြီး ဟာသလုပ်သလို မြင်မကောင်းအောင်လုပ်ထားတယ်လို့ သိရပါတယ်။

တောင်ကိုးရီးယားအစိုးရဟာ စာဖြန့်ကြဲတာတွေကိုဦးဆောင်နေသူကို ထိန်းသိမ်းထားတယ်လို့ပြောပါတယ် တင်းမာမှုတွေဖြစ်ပြီး တစ်ပါတ်အတွင်းမှာ စစ်ရေးပြင်ဆင်မှုတွေကို မြောက်ကိုရီးယားက သူ့ဘာသာပြန်ရုပ်သိမ်းသွားခဲ့ပါတယ် အမေရိကန်နဲ့ ပြုံယမ်းပြန်ဆွေးနွေးရေးကိုအခုလိုအချိန်မှာ ရွေးကောက်ပွဲမတိုင်ခင် လုပ်ပေးဖို့ တောင်းဆိုပေးလိုက်တာဟာ တာဝန်ကျေ ပြောလိုက်တာလား ထရမ့်အနေနဲ့ နောက်တကြိမ်ပြန်ရွေးကောက်ခံရဖို့မရှိနိုင်ဘူးထင်လို့ လုပ်ပေးသွားပါဦးလို့ ပြောချင်တာလား မြောက်ကိုရီးယားရဲ့စောင်းမြောင်းနေမှုတွေကို လျော့ပါးစေချင်လို့လား စသည်ဖြင့် နိုင်ငံတကာကတွေးတောနေကြပါတယ်။

ဘာ့ကြောင့်လည်းဆိုရင် ရွေးကောက်ပွဲအရမ်းနီးကပ်နေတဲ့ကာလရောက်နေပြီး ကမ္ဘာ့ကပ်ရောဂါကြောင့်အမေရိကန်မှာ ဒုက္ခအကြီးအကျယ် ရောက်နေချိန်ကြီးမှာတောင်းဆိုလိုက်လို့ပါပဲ။

Pi Lon

Leave a Comment

Your email address will not be published. Required fields are marked *