သရုပ်ဆောင်ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းတို့အပေါ် သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ ဖြင့် တရားစွဲရန် ဦးတိုက် လျှောက်ထားသည့်အပေါ် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇူလိုင် ၉ ရက်တွင် ပယ်ချလိုက်သည်။

‘‘တရားရုံးက ကျွန်တော်တို့တရားစွဲတဲ့ အကြောင်းအရာတွေ မှာ ဥပဒေပြဋ္ဌာန်းချက်နဲ့မညီဘူး ဆိုပြီးတော့ ကျင့် ၂၀၃ နဲ့ ပယ် လိုက်တာပါ’’ဟု တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သူ မြန်မာ နိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခိတ အဖွဲ့မှ ရှေ့နေ ဦးအေးပိုင်က ပြောသည်။

တရားရုံးဘက်မှ ပယ်ချ လိုက်သည့်အပေါ် တရားရုံးရှေ့ သို့ လာရောက်ဝန်းရံသော အမျိုးသားရေးလှုပ်ရှားသည်ဟုဆိုသူ အချို့က မကျေနပ်၍ အော်ဟစ် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ အမျိုးသားတစ်ဦးကလည်း ‘မွတ် စလင် အစိုးရ’ဟု အော်ဟစ် သည်။ အမျိုးသားရေးလှုပ်ရှား သည်ဟုဆိုသော သံဃာအချို့ လည်း တရားရုံးရှေ့သို့ လာ ရောက်ခဲ့သည်။

သို့သော် တရားရုံးဘက်က ပလပ်လိုက်သော်လည်း ၎င်းတို့ဘက်မှ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးအေးပိုင်က ပြော သည်။

‘‘ဒီကာလထဲမှာ အွန်လိုင်းမီဒီ ယာက ဖြန့်ချိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နောက်တစ်ခုက အဆိုတော် ချစ်သုဝေရဲ့ ပြန်ရှင်းတာတွေရှိပါတယ်။ သူတို့တင် တာဟုတ်တယ် ဝန်ခံပါတယ်။ အဲဒါကြောင့် တရားရုံးရဲ့ ပလပ်တဲ့အမိန့်က အင်မတန်မှ အံ့သြစရာကောင်းနေတယ်လို့ ခံစားရပါ တယ်’’ဟု ဦးအေးပိုင်က ပြော သည်။

ချစ်သုဝေနှင့် ဖခင် ဦးဇော်ဝင်းကို ပုဂ္ဂိုလ်ရေးအရ မကျေနပ်သောကြောင့် ဦးတိုက်လျှောက် ထားခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁၉ ရက်တွင် ကျ ရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ဖခင်ရေးဆွဲခဲ့သော ပန်းချီ ကားတွင် ဥဏ္ဏလုံမွေးရှင်တော် ထည့်သွင်းရေးဆွဲမိသည့်အပေါ် ယင်းအချိန်က ဥဏ္ဏလုံမွေးရှင် တော်နှင့်ပတ်သက်၍ မသိခဲ့သောကြောင့် ဖခင်ကို ပန်းချီကားတွင် ထည့်သွင်းရေးဆွဲရန် သင့်၊ မသင့်အကြံမပေးနိုင်ခဲ့သည်မှာ ၎င်း၏ အားနည်းချက်ဖြစ်ကြောင်း ချစ်သုဝေက ဇွန်လ ၂၆ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ဖြေရှင်းထားသည်။

Source:7days

Leave a Comment

Your email address will not be published. Required fields are marked *