တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှု့အပေါ် ေတာင်တရုတ်ပင်လယ်ကို စစ်ပုံသွင်းနေတာလား ဟု အမေရိကန် သတိပေး

တောင်တရုတ်ပင်လယ် မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက စိုးရိမ်ကြောင်းပြော ပါတယ် ။ အငြင်းပွားရေပိုင်နက် မှာ ဒီလုပ်ရပ်ကြောင့် အခြေအနေ တည်ငြိမ်မှုပျက်ပြားနိုင်တယ် လို့ပြောပြီး ပင်တဂွန်ဝေဖန်က ဝေဖန်လိုက် တာပါ ။

“တောင် တရုတ်ပင်လယ် ရဲ့အငြင်းပွားရေပိုင်နက် မှာ စစ်ရေးလေ့ကျင့်မှု လုပ်နေတာဟာ တင်းမာမှုတွေ လျှော့ချ ဖို့နဲ့ ဆက်ပြီး တည်ငြိမ်နေဖို့ အားထုတ်မှုတွေ နဲ့ ပြောင်းပြန်သက်ရောက်မှု ရှိနေပါတယ် ” လို့ အမေရိက န်ကာကွယ် ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ပါဝင် ပါတယ် ။ ဗီယက်နမ်ရော၊ တရုတ်ရောက ပိုင်ဆိုင်တယ်လို့ပြောနေ တဲ့ ပါရာဆယ်ကျွန်းစုနား မှာ ဇူလိုင် ၁ ရက်ကစပြီး ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့စီစဉ်ထားတယ်ဆိုပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ တရုတ်နိုင်ငံက ကြေညာခဲ့ ပါတယ်။

“စစ်ရေးလေ့ကျင့်မှုတွေ ဟာ တောင်တရုတ်ပင်လယ်ထဲက အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံတွေ ကို ဆုံးရှုံးမှု တွေရှိ စေပြီး ဥပဒေပြင်ပရေပိုင်နက်ငြင်း ဆိုမှုတွေလုပ်ဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရဲ့လုပ်ရပ်တွေထဲမှာ နောက်ဆုံးဖြစ်ရပ်ဖြစ် ပါတယ်” လို့လည်း အမေရိကန် ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

တရုတ်နိုင်ငံ ဟာ တောင်တရုတ်ပင်လယ် ကို စစ်ပုံသွင်းနေပြီး အရံရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အကျိုး ရှိရှိ သုံးချင်တဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေ ကို ခြိမ်းခြောက်ဖို့ကြိုးစားနေတယ် လို့ အမေရိကန်ကစွပ်စွဲ ပါတယ် ။ စွမ်းအင်ကြွယ်ဝနိုင်တဲ့ တောင်တရုတ်ပင်လယ် ရဲ့ ၉၀ ရာခိုင်နှုန်းကိုပိုင်တယ်လို့ တရုတ်ကပြောပေ မဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း တစိတ်တပိုင်းပိုင်တယ်လို့ပြောကြ ပါတယ် ။

တောင်တရုတ်ပင်လယ် ကိုဖြတ်ပြီးကုန်သွယ်နေတာဟာ တစ်နှစ် ကို အမေရိကန်ဒေါ်လာသန်းပေါင်း ၃ သန်း လောက် တန်ဖိုးရှိ ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *