စစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ တောင်တရုတ်ပင်လယ်ပြင်ကို လေယာဉ်တင်စစ်င်္ဘောကြီး၂ စင်းနဲ့အတူ အခြံအရံစစ်သင်္ဘောတွေ စေလွှတ်သွားမယ်လို့ အမေရိကန်ရေတပ်က သောကြာနေ့မှာ ထုတ်ပြန်လိုက်ကြောင်း CNN သတင်းအရ သိရပါတယ်။

USS Nimitz(ယူအက်စ်အက်စ် နီမစ်ဇ်)နဲ့ USS Ronald Reagan(ယူအက်စ်အက်စ် ရော်နယ်ရစ်ဂင်) စစ်သင်္ဘောတွေဟာ ဖိလစ်ပိုင်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ပြင်တွေမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်မှာဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ရေတပ်သားတွေအတွက် အဆင့်မြင့်လေ့ကျင့်ရေးတွေ ဆောင်ရွက်ဖို့နဲ့ အင်ဒို-ပစိတ်ဖိတ်ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး မြှင့်တင်ဖို့အတွက်ပဲ ရည်ရွယ်တာဖြစ်တယ်လို့ အမှတ်(၇) ရေတပ်မှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဒု-ဗိုလ် ဂျိုးဂျိုင်လေက ပြောပါတယ်။

ဒါပေမယ့် ဟောင်ကောင်လုံခြုံရေးဥပဒေသစ်ကြောင့် အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာလာဖို့ရှိချိန်မှာ စေလွှတ်ခဲ့တာဖြစ်လို့ အမေရိကန်ရေတပ်ရဲ့ လုပ်ရပ်အပေါ် တရုတ်အစိုးရက စိတ်မသက်မသာဖြစ်နေပါတယ်။

Ref/Source – CNN

Leave a Comment

Your email address will not be published. Required fields are marked *