ဖားကန့်မြို့နယ် ဝေခါကျေးရွာတွင် ယနေ့(ဇူလိူင် ၂ရက်)နံနက္က မြေစာပုံပြိုကျရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ခန့် မျောပါသွား ကြောင်းဒေသခံများကပြောသည်။

ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေသည်။

ဝေခါကျေးရွာ(ဒေသအခေါ်ဝေခါမှော်)မြ ပေရာနှင့်ချီမတ်စောက်သော မြေစာပုံတစ်ပုံတစ်ခုသည် ယနေ့နံနက် ၆နာရီ ၃၀မိနစ်ခန့်က ပြိုကြခြင်းဖြစ်သည်။

“မြေစာပုံပြိုတာ ပါသြားတဲ့ လူများတယ်လို့ကြားတယ်။ ကျွန်တော်တို့ရှာဖွေကယ်ဆယ်ရေးလုပ်နေပါတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ်တာဝန်ခံ ကိုဂ်က္က ပြောသည်။

မြေစာပုံပြိုကြသည့်သတင်းကြောင့် မြေပြင်အခြေအနေကို သြားရောက်စုံစမ်းနေပြီး အသေးစိတ် သတင်းမရရှိသေးဟု ဖားကန့်မြို့မရဲတပ်ဖွဲ့ စခန်းမှူးက ပြောသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် ယနေ့နံနက် ၁၀နာရီခန့်အထိ ရုပ်အလောင်း ၃၃လောင်း တွေ့ရှိထားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များကပြောသည်။

ယနေ့ နံနက္က မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်၊

Credit : photo:S K S

Leave a Comment

Your email address will not be published. Required fields are marked *