မြန်မာအစိုးရရဲ့ငွေ ၄၂ဘီလီယံနဲ့ဂျပန်ယန်း၈.၆ဘီလီယံ အကုန်ကျခံပြီး ဂျပန်ပညာရှင်တွေနဲ့ တည်ဆောက်နေတဲ့ နောက်ထပ်ပြည်သူ့ဆေးရုံအသစ်ကြီးတစ်ရုံ ရန်ကုန်မြို့မှာ ၂၀၂၁နှစ်တွင် ပေါ်ထွက်လာတော့မည် ပြည်သူတွေအတွက် အခမဲ့ ကုသပေးမှာဖြစ်ပါသည်

ဒီစီမံကိန်းကို ဂျပန်အခြေစိုက် Taisei Corporation က တာဝန်ယူတည်ဆောက် နေတာဖြစ်ပြီး ဂျပန်နိုင်ငံ ပညာရှင်တွေက ဆေးရုံဒီဇိုင်းကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆေးရုံတည်ဆောက်ရေး လုပ်ငန်းနဲ့ ဒီဇိုင်းအတိုင်း အကောင်အထည် ဖော်မှုတွေကို မြန်မာလူငယ်တွေ လေ့လာသိရှိ နိုင်မှာ ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာတွေ အနေနဲ့လည်း ဂျပန်ပညာရှင်တွေနဲ့အတူ ပူးပေါင်းပါဝင်ကာ စနစ်တကျ ဆောင်ရွက် နေမှုကို အနီးကပ်လေ့လာနိုင်တဲ့ အခွင့်အရေး လည်း ရရှိမှာဖြစ်ပါတယ်။

ဂျပန်အစိုးရ ထောက်ပံ့ကူညီနှလုံး၊ ဦးနှောက်နှင့်အာရုံကြော အထူးကု ဆေးရုံသစ်ကြီး(ရန်ကုန်) စီမံကိန်းကို တည် ဆောက် အကောင်အထည်ဖော်တဲ့ လုပ်ငန်းမှာ ဂျပန်အစိုးရက ဂျပန်ယန်းငွေ ၈ ဒသမ ၆ ဘီလီယံခန့် ထောက်ပံ့ကူညီပေးတာဖြစ်ပြီး မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကျပ်ငွေ ၄၂ ဘီလီယံခန့် အကုန်အကျ ခံမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါ ဂျပန်အစိုးရ အနေနဲ့ ငွေကြေးအပြင် ဆေးရုံသုံးစက်ပစ္စည်း အချို့ကိုလည်း ကူညီထောက်ပံ့ပေးဖို့လည်း ရှိနေပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကတော့ မြန်မာငွေကျပ် ၄၂ ဘီလီယံခန့် တန်ဖိုးရှိတဲ့ ဆေးရုံသုံး စက်ပစ္စည်း ကိရိယာတွေ ဖြည့်ဆည်းထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနဲ့ ဂျပန်နိုင်ငံတို့အကြား ကျန်းမာရေး ကဏ္ဍမှာ ကာလရှည်စွာ ရင်းနှီးချစ်ကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအထဲမှာ ထင်ရှားတဲ့ လက္ခဏာတစ်ရပ် ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ရဲသွေးနည်

#ZWY ♥️♥️♥️

Leave a Comment

Your email address will not be published. Required fields are marked *