ရုရှားနိုင်ငံအနေနဲ့ အသံထက်များစွာမြန်ဆန်သော လက်နက်စနစ် များနဲ့ ၄င်းစနစ်အားခြေရာခံဖမ်းယူနိုင်မဲ့ ရေဒါစနစ် အသစ်တွေကို ရုရှားကျွမ်းကျင်သူ ပညာရှင်ပညာများနဲ့ တိုးတက် ထုတ်လုပ်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း ရုရှားလေကြောင်းတပ်ဖွဲ့များ၏ ကွပ်ကဲရေး အရာရှိချုပ်ဖြစ်သူ Colonel Gen. Surgie Surovikin ကနေပြီး ‘Karasnaya Zvezda’ သတင်းစာမှ တဆင့် အထောက်အထားနဲ့တကွ ကိုးကားတင်ပြခဲ့ ပါတယ်။

Gen. Surgie Surovikin က လုပ်ငန်းအနေနဲ့ Noby ရေဒါစခန်းဌာနမှနေပြီး ရေဒီယိုနဲ့စက်မှုနည်းပညာအသုံးချ စစ်သည်များ အသုံးပြုလျှက်ရှိတဲ့ နောက်ဆုံးထုတ် ရေဒါပစ္စည်း အစိတ်အပိုင်းများကို တိုးက်ဖွံ့ဖြိုးမှုရှိစေရန် လုပ်ဆောင်နေပါတယ်။ အဆိုပါ ရေဒါစနစ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်မှုစွမ်းရည် ဟာ Nebo-M ရေဒါစနစ်ရဲ့ လေယာဉ်နဲ့ ဟိုက်ပါဆိုးနစ်ပစ်မှတ် တွေကို အမျိုးအစား ခွဲခြားသတ်မှတ်နိုင်မှုစွမ်းရည်ထက် ပိုမို သာလွန်တဲ့နည်းစနစ်ဖြစ်ကြောင်းကို Karasnaya Zvezda သတင်းစာနဲ့ အင်တာဗျူးတဲ့အချိိ်န်မှာ အသိပေးပြောဆိုခဲ့ပါတယ်။

ရေဒါစနစ်သစ်အနေဖြင့် အနီးရှိလေထုအတွင်းမှ ဟိုက်ပါဆိုးနစ် ပစ်မှတ်များကို ခြေရာခံရာတွင် ပိုမိုတိကျစွာနဲ့ လုပ်ဆောင်နိုင်ပြီး တိုးတက်မှုရှိစေရန်အတွက် ဖန်တီးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်အတွင်းက သီးသန့်အသုံးပြုရန် ရည်ရွယ်ထားသော လေဆာစနစ်များနဲ့အတူ 3M Horizon ရေဒါ များအား မစ်ဆိုင်းများဖြင့် တိုက်ခိုက်လာမှုကို ကြိုတင်အသိပေး တားမြစ်မှု ပြုရာတွင် အသင့်ဆောက်လုပ်ထားသည့် ရေဒါစခန်းများ၌ ပထမဆုံး ထည့်သွင်းနေရာချကာ တိုက်ပွဲဝင်အသုံးပြုမှုအနေဖြင့် Orsk, Barnaul နှင့် Yeniseisk မြို့များတွင် (Pritsel space control optical systems) အဖြစ် စေလွှတ် တာဝန်ပေး ခဲ့ကြောင်း ထပ်မံပြောကြား ခဲ့ပါတယ်။

Over-the-horizon ရေဒါများ သွားရောက်တာဝန်ထမ်းခဲ့ရာ ဗော်ဂါ (Volga) ဒေသတွင်းရှိ Mordovia နေရာမှာ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပဒေသရဲ့ ပိုင်နက်မြေနေရာအားလုံးကို လေကြောင်း ထိန်းချုပ်မှု အပိုင်း၌သေချာစေရန်လုပ်ဆောင်နိုင်ခဲ့ပြီး ၄င်းအကျိုးဆက်အနေဖြင့် တုန့်ပြန်လာမှုများအား အကဲဖြတ်ရာမှာ ဆုံးဖြတ်ချက်များ ချရန်အတွက် လုံလောက်တဲ့ အချိန်တော်တော် များများ ရရှိစေမှာ ဖြစ်ကြောင်း ပြောပါတယ်။

ထို့အတူပဲ အာတိတ်ဒေသမှာရှိတဲ့ ကျွန်းစုများမှာ ရေဒီယို နည်းပညာဆိုင်ရာစစ်သည်များကို ပြောင်းရွေ့ နေရာချထား ပေးခြင်းဖြင့် အာတိတ်လတ္တီကျု ဒေသအတွင်းမှာရှိတဲ့ ရေဒါဖမ်းယူမှု မျက်နှာပြင်ဧရိယာကို ကျယ်ပြန့်လာစေနိုင်ဖို့ လုပ်ဆောင်ပေးနိုင်စွမ်း ရှိကြောင်းကိုပါ ပြောကြားသွားခဲ့ပါတယ်။

Ref : : #MilitaryCognizance
#DefenceBlog

Leave a Comment

Your email address will not be published. Required fields are marked *