ရခိုင်ပြည်နယ်တွင်းက မြို့နယ်တချို့မှာ အင်တာနက်ဖြတ်တောက်ထားတာ တစ်နှစ်ကျော်သွားပါပြီ။

အဲဒီထဲမှာ ကိုဗစ်ပိုးတွေ့လူနာရှိနေတဲ့ ဘူးသီးတောင်မြို့နယ်လည်းပါဝင်ပါတယ်။

ဘူးသီးတောင်က ဒေသခံလူငယ်တချို့ဟာ အင်တာနက်သုံးခွင့်ရဖို့ ပေ နှစ်ရာ နီးပါးမြင့်တဲ့တောင်ထိပ်တွေ ၊ ဘုရားပုထိုးကုန်းတွေပေါ်ထိ ခက်ခက်ခဲခဲတက်ရောက်ပြီး လိုင်းမိတဲ့နေရာမှာ အင်တာနက် သုံးနေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တောင်ကုတ် ၊ သံတွဲ ၊ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာတွေ့ရှိကြောင်း အစိုးရက ထုတ်ပြန်ထားခဲ့ပြီး အဲဒီထဲမှာ ဘူးသီးတောင်မြို့နယ် ဟာ အင်တာနက်အပိတ်ခံထားရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်အများစုနဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ ာအစိုးရက အင်တာနက်ပိတ်ထားတာဟာ ဇွန်လ ၂၁ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပြီး ဒေသခံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အင်တာနက်ပြန်လည်ဖွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ စစ်ဘေးရှောင်သောင်းချီရှိတဲ့မြို့တစ်မြို့ဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာရှိတာမို့ အစိုးရအနေနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေကြတယ်။

ဓာတ်ပုံ-Kaung Mrat Naing / MPA
BBC

Leave a Comment

Your email address will not be published. Required fields are marked *