ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်တဲ့ ဆေးအသစ်တစ်မျိုးကို သြစတြေးလျသုတေသီများ ရှာတွေ့

သြစတြေးလျသုတေသီတွေဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးအသစ်တစ်မျိုးကို ရှာဖွေဖော်ထုတ်နေခဲ့ရာမှာ ကမ္ဘာလုံးဆိုင်ရာအောင်မြင်မှုတစ်ခုကို ရှာတွေ့ခဲ့ကြပြီလို့သိရပါတယ်။ Monash တက္ကသိုလ်က သုတေသီတွေက ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် တွန်းလှန်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါဆေးဝါးကိုတော့ ရှူဆေးဗူးနဲ့ ရှူရှိုက်နိုင်မယ်လို့သိရပြီး ဒီနှစ်မကုန်ခင်မှာ ထုတ်လုပ်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြောင်းသိရပါတယ်။ …